“ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံရတဲ့ ကော်တိုအာ”
18 Mar
ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာ က နည်းပြဟောင်း တီဒက်စ်ကို နှင့် ပြဿနာဖြစ်ပြီးနောက် ၂ နှစ်နီးပါး အကြာမှာ လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ ရီးရဲလ်ဂိုးသမား ကော်တိုအာ ဟာ ဘယ်လ်ဂျီယံနည်းပြဟောင်း တီဒက်စ်ကို လက်ထက်မှာ အသင်းခေါင်းဆောင် ခန့်အပ်မှုနှင့်အငြင်းပွားခဲ့ပြီး ၂၀၂၃ ဇွန်လနောက်ပိုင်း ဘယ်လ်ဂျီယံအသင်းမှာ ရွေးချယ်မခံရတော့တာ ဖြစ်ပါတယ်။ ယခုအခါ ဘယ်လ်ဂျီယံအသင်းက တီဒက်စ်ကို ကို ရာထူးမှထုတ်ပယ်ပြီး ဝါရင့်နည်းပြ ရူဒီဂါစီယာ ကို နည်းပြအဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။ ရူဒီဂါစီယာ က ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဘယ်လ်ဂျီယံလူစာရင်းကို ထုတ်ပြန်ခဲ့ရာ ကော်တိုအာ ကို ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ ရူဒီဂါစီယာ က လက်ရှိမှာ ဘယ်လ်ဂျီယံအသင်း ခေါင်းဆောင်ရာထူးအတွက် လက်ရှိအသင်းခေါင်းဆောင် ဒီဘရိုင်းနား၊ လူကာကူနှင့် ကော်တိုအာတို့ထဲမှာ တစ်ဦးကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)