“တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုချိန်အတွင်း အရေးပေါ်ယာဉ်များ ဥဩပေးမောင်းနှင်မှာ မဟုတ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များ အသိပေးကြေညာ”
18 Mar
မတ်လ ၁၇ ရက်မှ ၂၂ ရက်အထိ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေချိန်အတွင်း မီးလောင်မှုဖြစ်စဉ်နှင့် ယာဉ်တိုက်မှု အရေးပေါ်လူနာပို့ဆောင်မှုများရှိပါက အရေးပေါ်ယာဉ်များကို ဥဩပေး မောင်းနှင် မှာမဟုတ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များထံမှ သိရပါတယ်။ အဆိုပါအချိန်အတွင်း အရေးပေါ်မီးသတ်ယာဉ်များနှင့် လူနာတင်ယာဉ်များကို အရေးပေါ်မီးလည် မီးတန်းများ ဖွင့်၍ လည်းကောင်း၊ ရှေ့မီးကြီးများဖွင့်၍ လည်းကောင်း အချက်ပြ မောင်းနှင်သွားမှာဖြစ်တာကြောင့် လမ်းမပေါ်ရှိ ပြည်သူများအနေဖြင့် မိမိတို့မောင်းနှင်နေတဲ့ ယာဉ်များကို လမ်းဘေးသို့ ကပ်/ချ ပေးခြင်းများကို ပြုလုပ်ဆောင်ရွက် ပေးကြဖို့ကိုလည်း ၎င်းအဖွဲ့များမှ အသိပေးကြေညာ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာချက်အရ မတ်လ ၁၇ ရက်မှာ မြန်မာစာ၊ ၁၈ ရက်မှာ အင်္ဂလိပ်စာ၊ ၁၉ ရက်မှာ သင်္ချာ၊ ၂၀ ရက်မှာ ဓာတုဗေဒ/ပထဝီဝင် ၊ ၂၁ ရက်မှာ ရူပဗေဒ/သမိုင်း နှင့် ၂၂ ရက်မှာ ဇီဝဗေဒ/ ဘောဂဗေဒ တို့ကို နံနက် ၉ နာရီကနေ စပြီး နေ့လယ် ၁၂ နာရီအထိ ၃ နာရီကြာ ဖြေဆိုရမှာ ဖြစ်ပါတယ်။ (NVS 004)