“မတ်လမှာ နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန် PO၊ ဘဏ်ငွေသွင်းချလန်နဲ့ ပေးသွင်းခြင်းကို ခေတ္တရပ်နား ထားမည်”

18 Mar

၂ဝ၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးတဲ့ မတ်လမှာ နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းနှင့်ဌာနစာရင်း ကိုက်ညီရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်နဲ့ ပေးသွင်းခြင်းကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးယာဉ်မှတ်ပုံတင်လုပ်ငန်းငွေခန်းများကိုရုံးချုပ်၊ ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်) ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ရွာသာကြီး)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ဌာန (မန္တလေး) တွင် PO နဲ့လည်းကောင်း၊ ဘဏ်ငွေသွင်းချလန်ဖြင့်လည်းကောင်း၊ ငွေသားဖြင့်လည်းကောင်း လက်ခံဆောင်ရွက် လျက်ရှိပါတယ်။ ယခုအခါ ၂ဝ၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးတဲ့ မတ်လမှာ နှစ်ချုပ်စာရင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့်ဘဏ်စာရင်းနှင့် ဌာနစာရင်း ကိုက်ညီမှုရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာ မှတ်ပုံတင် အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် လက်ခံဆောင်ရွက်ခြင်းအား မတ်လ ၂၅ ရက်အထိသာ လက်ခံ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်သူများ အဆင်ပြေမှုရှိစေရန် မတ်လ ၂၆ ရက်မှ ၃၁ ရက်အထိ နံနက် ၁၂ နာရီအထိ ငွေသားဖြင့် လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပါတယ်။ ဧပြီလ ၁ ရက်မှစ၍ ကနဦးယာဉ်မှတ်ပုံတင်ခများ ပေးသွင်းခြင်းကို PO နှင့် ဘဏ်ငွေသွင်းချလန်တို့ဖြင့် လက်ခံဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ အသိပေးကြေညာ ထားပါတယ်။ (NVS 004)

18 Mar

ADVERTISE HERE .