“တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်မှာ ဝင်ရောက်ဖြေဆိုသူ ၉၄ ရာခိုင်နှုန်းကျော်ရှိ”

18 Mar

မတ် ၁၇ ရက်မှာ စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ ဖြစ်သော မြန်မာစာဘာသာရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူ ၉၄ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရပါတယ်။ အခုလို ဝင်ရောက်ဖြေဆိုရာမှာ နေပြည်တော်အတွင်း မြို့နယ် ၈ မြို့နယ်ရှိ စာစစ်ဌာန ၄၇ ခုမှာ မြန်မာစာ ဘာသာရပ်ကို ကျောင်းသား ၅,၄၈၄ဦး၊ ကျောင်းသူ ၇,၀၆၈ ဦး (စုစုပေါင်း ၁၂,၅၅၂ ဦး) ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/နိုင်ငံခြားစာစစ်ဌာနပေါင်း ၇၇၀ မှာ မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူ ၁၉၆,၃၃၇ ဦးရှိ၍ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ ဝင်ရောက်ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူရာခိုင်နှုန်းမှာ(၉၄ ဒသမ ၅၉)ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှဝန်ကြီးချုပ်များနှင့် တာဝန် ရှိသူများကကြည့်ရှုအားပေးခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များကလည်း စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

18 Mar

ADVERTISE HERE .