“ကမ္ဘာ့အပူဆုံးမြို့များထဲ ချောက်နှင့် မကွေးမြို့ ပါဝင်လာ”
18 Mar
ကမ္ဘာ့အပူဆုံးမြို့များ၌ ချောက်နှင့် မကွေးမြို့ပါဝင်လာပြီး ချောက်မြို့ရဲ့ အမြင့်ဆုံးအပူချိန်သည် ၄၄ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ် (၁၁၁ ဒသမ ၂ ဒီဂရီဖာရင်ဟိုက်) အထိရှိနေပါတယ်။ အဆိုပါ အပူချိန်က ကမ္ဘာ့အပူချိန်အမြင့်ဆုံး မြို့များထဲ၌ ဒုတိယနေရာမှာ ရှိနေပါတယ်။ ထိုနည်းတူ မကွေးမြို့ကလည်း အမြင့်ဆုံးအပူချိန် ၄၃ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ် (၁၀၉ ဒသမ ၇၆ ဒီဂရီဖာရင်ဟိုက်) အထိရှိနေပြီး အဆင့် (၁၃) ၌ ရှိနေပါတယ်။ အဆိုပါမှတ်တမ်းတင်ခြင်းများကို ကမ္ဘာ့အပူချိန်နှင့် မိုးရေချိန်များကို အချိန်နှင့်အလိုက် ထုတ်ပြန်နေသည့် အယ်ဒိုရာဒို (eldorado) ဝက်ဆိုက်က မတ်လ ၁၇ ရက် နံနက်ပိုင်းမှာ ဖော်ပြထားခြင်း ဖြစ်ပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မတ်လ ဒုတိယ ၁၀ ရက်အတွက် ခန့်မှန်းချက်အရ မကွေးတိုင်းဒေသကြီးအပါအဝင်တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုထက်မနည်းမှာ မတ်လရဲ့ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ် (၃၄ ဒသမ ၇ ဒီဂရီဖာရင်ဟိုက်) အထက် ပိုနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ (NVS 004)