“သီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာမှာ ယာယီနေထိုင်ခွင့်ထုတ်ပေးမည်”
18 Mar
သီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာတို့တွင် အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အစီအစဉ်နဲ့ ရောင်းချခဲ့သော အခန်းများကို ယာယီနေထိုင်ခွင့် ထုတ်ပေးသွားမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အသိပေး ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်မှာ အဆိုပါအိမ်ရာရှိ အခန်းများကို ဌာနသို့ အမည်စာရင်းပေးပို့ထားပြီး ဖြစ်ကာ အခန်းဝယ်ယူခွင့်ရရှိထားသူများကို ယာယီနေထိုင်ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ ယာယီနေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ပေးခြင်းကို ၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်မှ လကုန်ရက်အထိ ရုံးချိန်အတွင်း ရန်ကုန်တိုင်း ဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (အမှတ်၂၂၈/၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်) မှာဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ အဆိုပါ ယာယီနေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ယူမယ့်သူများအနေနဲ့ ကိုယ်တိုင်ထုတ်ယူမည်ဆိုပါက မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့ဖြင့်လည်းကောင်း၊ ကိုယ်စားထုတ်ယူမည်ဆိုပါက ကိုယ်စားလှယ် လွှဲစာမူရင်း၊ ကာယကံရှင်နှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူတို့နဲ့ လည်းကောင်း တင်ပြကာ ထုတ်ယူရမည် ဖြစ်ပါတယ်။ အခန်းဝယ်ယူခွင့်ရရှိသူများအနေဖြင့် ချေးငွေနှင့်ပတ်သက်သော လုပ်ငန်းများကို CHID Bank နှင့် ပြီးပြတ်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ယာယီနေထိုင်ခွင့်နှင့်စပ်လျဉ်း၍အသေးစိတ် စုံစမ်းမေးမြန်းလိုပါက ၀၉-၉၈၃၉၃၀၈၈၁ ၊ ၀၉-၄၂၁ ၇၂၁၀၃၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားပါတယ်။ (NVS 004)