“ONE Friday Fight -101 ပွဲစဉ်မှာ အဲမွီနှင့် သွေးလင်းထက်တို့ ပါဝင်ထိုးသတ်မည်”
17 Mar
လာမည့် မတ်လ ၂၁ ရက်မှာ ကျင်းပပြုလုပ်မယ့် ONE Friday Fight -101 ပွဲစဉ်မှာ ရိုးရာဖိုက်တာ ၂ ဦးဖြစ်တဲ့ အဲမွီ နှင့် သွေးလင်းထက် တို့ ပါဝင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။ ရိုးရာဖိုက်တာ အဲမွီ က အစ္စရေးဖိုက်တာ အာဟာဗက်ဂေါ်ဒွန်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး၊ သွေးလင်းထက် က မွေထိုင်းဖိုက်တာ ရော့ကီ ဖြင့် ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။ အဲမွီ နှင့် ဂေါ်ဒွန် တို့မှာ တွဲဆိုင်း ၆ ဆိုင်းမြောက်မှာ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပြီး သွေးလင်းထက်နှင့် ရော့ကီမှာ တွဲဆိုင်း ၇ ဆိုင်းမြောက်မှာ ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲမွီနှင့် ထိပ်တိုက်တွေ့ဆုံမည့် အသက် ၁၈ နှစ်အရွယ် အစ္စရေးဖိုက်တာ အာဟာဗက်ဂေါ်ဒွန် ဟာ ONE ပွဲစဉ် မှာ မျက်နှာသစ်ဖိုက်တာအနေဖြင့် ပါဝင်လာခြင်းဖြစ်ပြီး Professional မွေထိုင်းပွဲစဉ်များအတွင်း ၇ ပွဲထိုးကာ ရှုံးပွဲ မရှိသေးတဲ့ ဖိုက်တာတစ်ဦး ဖြစ်ပါတယ်။ (NVS 008)