“ဗီလာရီးရဲလ်အသင်းနှင့်ပွဲစဉ်မှာ ၇၂ နာရီအနားမရဘဲ နောက်ဆုံးကစားတဲ့ပွဲဖြစ်တယ်လို့ဆိုတဲ့ အန်ဆယ်လော့တီ”

17 Mar

ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီ က လာလီဂါပွဲစဉ်ဇယားရေးဆွဲမှုကို ဒေါသပေါက်ကွဲနေပြီး ဗီလာရီးရဲလ်အသင်းနှင့်ပွဲစဉ်မှာ ၇၂ နာရီ အနားမရဘဲ နောက်ဆုံးကစားသည့်ပွဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ ရီးရဲလ်အသင်းက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် မတ်လ ၁၂ ရက် ဒေသစံတော်ချိန် ည ၉ နာရီမှာ မက်ဒရစ်ဒါဘီပြိုင်ဘက် အက်သလက်တီကိုအသင်းနှင့် အချိန်ပို၊ ပယ်နယ်တီအထိ ယှဉ်ပြိုင်ခဲ့ရသဖြင့် ညသန်းခေါင်ယံအချိန်မှသာ ပွဲပြီးဆုံးခဲ့ပါတယ်။ အဲဒီနောက် မတ်လ ၁၅ ရက် ဒေသစံတော်ချိန် ည ၆ နာရီခွဲမှာ ဗီလာရီးယဲလ်အသင်းနှင့် အဝေးကွင်း ထပ်မံကစားခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်နှစ်ခုအကြားမှာ ရီးရဲလ်အသင်းမှာ ၆၆ နာရီဝန်းကျင်သာ အနားယူချိန်ရရှိခဲ့တာ ဖြစ်ပါတယ်။ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ကလပ်အသင်းများအား အနည်းဆုံး ၇၂ နာရီ အနားယူချိန်ခွင့်ပြုပေးရန် အကြံပြုထားသောကြောင့် အန်ဆယ်လော့တီ က ပွဲအပြီးတွင် အခုလို ပြောကြားခြင်းဖြစ်ပါတယ်။ (NVS 008)

17 Mar

ADVERTISE HERE .