“ဂွါဒီယိုလာ ရဲ့ နည်းပြသက်တမ်းတစ်လျှောက် ပေးဂိုးအများဆုံးနှင့် ရမှတ်အနည်းဆုံးရာသီအဖြစ် မှတ်တမ်းဝင်”
17 Mar
နည်းပြဖြစ်သူ ဂွါဒီယိုလာ က ယခုရာသီလိဂ်ပြိုင်ပွဲများမှာ နည်းပြသက်တမ်းတစ်လျှောက် ပေးဂိုးအများဆုံးနှင့် ရမှတ်အနည်းဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။မန်စီးတီးအသင်းသည် ယခုရာသီပွဲစဉ် ၂၉ အပြီးမှာ ပေးဂိုး ၄၀ ခွင့်ပြုထားရပြီး ဂွါဒီယိုလာအတွက် တစ်ရာသီအတွင်း ပေးဂိုးအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ယခင်ပေးဂိုးအများဆုံးမှာ မန်စီးတီးအသင်းကို စတင်ကိုင်တွယ်သည့် ၂၀၁၆-၁၇ ရာသီတွင် ၃၉ ဂိုး ပေးခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းသည် ၂၉ ပွဲ ကစား၊ ၄၈ မှတ်ရရှိထားပြီး လက်ကျန်ကိုးပွဲစလုံး အနိုင်ရလျှင်ပင် အမြင့်ဆုံး ၇၅ မှတ်သာ ရရှိမည်ဖြစ်ရာ ၎င်းအတွက် နည်းပြသက်တမ်းတစ်လျှောက် ရမှတ်အနည်းဆုံးရာသီ ဖြစ်လာခဲ့ ပါတယ်။ ယခင်ရမှတ်အနည်းဆုံးရာသီမှာလည်း မန်စီးတီးအသင်းနှင့် ပထမဆုံးရာသီတွင် ၇၈ မှတ်သာ ရရှိခဲ့သလို တစ်ပွဲပျမ်းမျှ နှစ်မှတ်သာရယူနိုင်ခြင်းမှာလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ (NVS 008)