“သမိုင်းတစ်လျှောက် ပထမဆုံးလိဂ်ဖလားကိုရယူနိုင်ခဲ့တဲ့ နယူးကာဆယ်”

17 Mar

လိဂ်ဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းဟာ လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့ပြီး အသင်းသမိုင်း တစ်လျှောက် ပထမဆုံးလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ လိဂ်ဖလားဗိုလ်လုပွဲစဉ်ကို တနင်္ဂနွေနေ့ညပိုင်းက လီဗာပူးလ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတာဖြစ်ပြီး နယူးကာဆယ်အသင်းက ၂ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ နယူးကာဆယ် အသင်းအတွက် သွင်းဂိုးတွေကိုတော့ ဘန်းနဲ့ အီဆက်ခ် တို့က သွင်းယူခဲ့ပြီး လီဗာပူးလ်အသင်းအတွက် ချေပဂိုးတစ်ဂိုး ကိုတော့ ပွဲချိန် ၉၅ မိနစ်မှာ ခီယေဆာ က သွင်းယူနိုင်ခဲ့ကာ ပွဲပြီးဆုံးချိန်မှာတော့ နယူးကာဆယ်အသင်းက ၂ ဂိုး ၁ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နယူးကာဆယ် ဟာ ၁၉၆၉ Inter-cities Fairs Cup ပြိုင်ပွဲမှာ ဗိုလ်စွဲပြီးနောက် နှစ်ပေါင်း ၅၆ နှစ်ကြာမှ ပထမဆုံးဆုဖလား ဆွတ်ခူးခြင်းဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

17 Mar

ADVERTISE HERE .