“အင်ဒီးယန်းဝဲလ်ဖိုင်နယ်ပွဲစဉ်မှာ ဆာဘာလန်ကာကို အနိုင်ရှိပြီး ချန်ပီယံဖြစ်ခဲ့တဲ့ အန်ဒရီဗာ”
17 Mar
အင်ဒီးယန်းဝဲလ် အမျိုးသမီးတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ ရုရှားနိုင်ငံသူ အန်ဒရီဗာ က ဆာဘာလန်ကာကို အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကိုရရှိခဲ့ပါတယ်။ ရုရှားဆယ်ကျော်သက်တင်းနစ်မယ် အန်ဒရီဗာ ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ လက်ရှိချန်ပီယံ ဆီဒင်အဆင့် (၁) ဆွီယာတက်ခ် ကို အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲအဆင့်မှာ လည်း ဆီဒင်အဆင့် (၂) ကစားသမား ဆာဘာလန်ကာ နဲ့ ထပ်မံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဗိုလ်လုပွဲစဉ်မှာတော့ အန်ဒရီဗာ က ဆာဘာလန်ကာ ကို ၂-၆၊ ၆-၄၊ ၆-၃ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် ရုရှားနိုင်ငံသူ အန်ဒရီဗာ ဟာ ဒူဘိုင်းအိုးပင်းတွင် အနိုင်ရပြီးနောက် WTA 1000 ချန်ပီယံဆုများကို ပြန်လည်ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုချန်ပီယံဆုဟာ အန်ဒရီဗာ အတွက် အဋ္ဌမမြောက် WTA 1000 ချန်ပီယံဆုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)