“အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွားပါက နီးစပ်ရာဆေးရုံဆေးခန်းသို့ချက်ချင်းပို့ဆောင်ရန် ကျန်းမာရေး ဝန်ကြီးဌာနသတိပေး
17 Mar
မြင့်တက်လာသောအပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွားမည့် လက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာဆေးရုံ ဆေးခန်းသို့ ချက်ချင်းပို့ဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာန မတ်လ ၁၆ ရက်မှာ သတိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါသတိပေးချက်က ရာသီဥတုပူပြင်းလာပြီဖြစ်၍ ပြည်သူများအနေနဲ့ အပူဒဏ်အန္တရာယ်များအကြောင်း သတိပြုနိုင်ပါရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ပါတယ်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်းနှင့် အပူဒဏ်ကျရောက်သည့် လူနာကို အရေးပေါ်ရှေးဦးသူနာပြုစုခြင်း စတဲ့ခေါင်းစဉ် ၃ ခု အောက်တွင်ဖြစ်ပွားနိုင်သည့်လက္ခဏာများနှင့် အရေးပေါ်ပြုစုရမည့်နည်းလမ်းများကို အသိပေးထားပါတယ်။ (NVS 004)
17 Mar