"မကွေးဆေးတက္ကသိုလ်မှ ကျောင်းဆင်းဆရာဝန် ၅,၀၀၀ နီးပါးရှိလာ"
17 Mar
မကွေးဆေးတက္ကသိုလ်၏ (၁၆) ကြိမ်၊ (၁၇) ကြိမ်နှင့် (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်လ ၁၅ ရက်က မကွေးဆေးတက္ကသိုလ်၊ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ (၁၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပါရဂူဘွဲ့ ၄ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့၄၄ဦး၊ ဆေးပညာ ဘွဲ့ ၂၅ ဦး၊ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါရဂူဘွဲ့ ၁ ဦး၊ ဆေးပညာဘွဲ့ ၄၅ ဦး၊ (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဆေးပညာမဟာသိပ္ပံဘွဲ့ ၁၇ ဦး၊ ဆေးပညာဘွဲ့ ၉၀ ဦး၊ စုစုပေါင်းပါရဂူဘွဲ့ ၅ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၆၁ ဦး၊ ဆေးပညာဘွဲ့ ၁၆၀ ဦး တို့ကို ဘွဲ့အပ်နှင်းချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ယခုဘွဲ့နှင်းသဘင် အပါအဝင် ဆေးတက္ကသိုလ်(မကွေး)မှ မွေးထုတ်ပေးလိုက်တဲ့ ဆရာဝန်ပေါင်း ၄,၉၇၅ ဦး ရှိခဲ့ပြီး ပါရဂူဘွဲ့ ၁၅ ဦး၊ ဆေးပညာမဟာသိပ္ပံ ၃၅၄ ဦးတို့ကို အောင်မြင်စွာလေ့ကျင့်ပျိုးထောင်ဘွဲ့အပ်နှင်းပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ (NVS 004)