"တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသူ/သားများအတွက် ရန်ကုန်တိုင်းဒေသကြီးမှာ စာစစ်ဌာန ၉၁ ခုဖွင့်လှစ်”

17 Mar

ရန်ကုန်တိုင်းဒေသကြီးမှာ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြမယ့် ကျောင်းသား/သူများအတွက် စာစစ်ဌာန ၉၁ ခု ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၄ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်မှ မတ်လ ၂၂ ရက်ထိဖြေဆိုမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ရန်ကုန် တိုင်းဒေသကြီးမှာ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း က ပြောကြားခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၉၁ ခုရှိပြီး စာဖြေသူဦးရေ ၃၉,၂၆၃ ဦးရှိကြောင်း၊ မနှစ်ကထက် စာစစ်ဌာန ၁၈ ခု တိုးလာကြောင်း သိရပါတယ်။ အခြေခံပညာကဏ္ဍတွင် တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော် အဆင့် စာမေးပွဲကြီးတစ်ခုဖြစ်၍ အဆင့်မြင့်ပညာနှင့် အခြားသက်မွေးပညာရပ်များကို ဆက်လက်သင်ယူနိုင်ရေး ကျောင်းသားတစ်ယောက်၏ ပညာစွမ်းရည်နှင့် တတ်ကျွမ်းမှုအဆင့်အတန်းကို တိုင်းတာသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ် ၍ စာဖြေသူ ကျောင်းသား/သူများအားလုံး အေးချမ်းလုံခြုံစွာဖြင့် အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး တာဝန်ရှိသူအ သီးသီးက ပေါင်းစပ်ညှိနှိုင်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ (NVS 004)

17 Mar

ADVERTISE HERE .