"ရင်းနှီးမြှုပ်နှံမှုများကို ဥပဒေနှင့်အညီကူညီပံ့ပိုးရန်အသင့်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး”

17 Mar

ရင်းနှီးမြှုပ်နှံမှုတွေကို ဥပ‌ဒေနဲ့အညီ ကူညီပံ့ပိုးပေးဖို့အသင့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မတ်လ ၁၅ ရက်က ရန်ကုန်မြို့မှာကျင်းပတဲ့ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်-၂၀၂၅ မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဟာ နိုင်ငံရဲ့ စီးပွားရေးမောင်းနှင်မှုအတွက် အရေးပါတဲ့ဒေသတစ်ခုဖြစ်တဲ့အပြင် ရင်းနှီး မြှုပ်နှံဖို့အကောင်းဆုံးဒေသတွေထဲကတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို စတင်ဆောင်ရွက် ရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ ပံ့ပိုးကူညီမှုက အရေးကြီးတဲ့ အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဥပဒေနဲ့အညီ ကူညီပံ့ပိုးပေးဖို့ အသင့်ရှိတယ်လို့ ဒေါက်တာကံဇော်က ပြောပါတယ်။ အဆိုပါဖိုရမ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ အလားအလာ ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ ဖော်ထုတ်ပေးဖို့၊ ပြည်တွင်း MSME လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီး တွေအကြား ဆက်သွယ်ချိတ်ဆက်လာနိုင်စေဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)

17 Mar

ADVERTISE HERE .