ချဲလ်ဆီးအသင်းက စပို့တင်းလူငယ်ကစားသမား ကွင်ဒါ ကို ပေါင် သန်း ၄၀ ဖြင့်ခေါ်ယူ

16 Mar

ချဲလ်ဆီးအသင်းက စပို့တင်းလစ္စဘွန်း တောင်ပံကစားသမား ကွင်ဒါ ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၄၀ ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ကွင်ဒါ ကို စာချုပ်ကုန်ဆုံးပါက နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ပါရှိတဲ့ ခုနစ်နှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူနိုင်ခဲ့သော်လည်း ကလပ်အသင်းနှစ်ခုကြား သဘောတူညီချက်အရ လာမည့် ၂၀၂၆ ခုနှစ် နွေရာသီမှသာ အသင်းနှင့်ပူးပေါင်းခွင့်ရမည်ဖြစ်ပြီး ကစားသမားအနေဖြင့် စပို့တင်းလစ္စဘွန်း အသင်းတွင် နောက်ထပ်တစ်ရာသီ ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ် ကွင်ဒါ ဟာ ဘယ်သန်ကစားသမားတစ်ဦးဖြစ်သော်လည်း တိုက်စစ်ပိုင်းတွင် ဘယ်တောင်ပံနှင့် ညာတောင်ပံ နှစ်ဖက်စလုံးတွင်ပါဝင်ကစားနိုင်ပြီး လျင်မြန်မှုနှင့် တစ်ဦးချင်းဖြတ်ကျော်မှု ကောင်းသည့် ကစားသမားဖြစ်လို့ နည်းပြဟောင်း အာမိုရင် ကလည်း မန်ယူအသင်းသို့ခေါ်ယူရန် ကြိုးပမ်းခဲ့ပေမယ့် ကစားသမားအနေနဲ့ ချဲလ်ဆီးအသင်းကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကွင်ဒါ အနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ စပို့တင်းအသင်းအတွက် ပြိုင်ပွဲစုံ ၄၃ ပွဲ ပါဝင်ကစားခဲ့ရာတွင် သွင်းဂိုး နှစ်ဂိုးနှင့် ဂိုးဖန်တီးမှု ခြောက်ကြိမ်ထိပြုလုပ်ကာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမည့် နည်းပြ မာတီနက်ဇ် ရဲ့ ပေါ်တူဂီအသင်းလူစာရင်းတွင် ရွေးချယ်ခံထားရကြောင်း သိရပါတယ်။(NVS 008)

16 Mar

ADVERTISE HERE .