ရာဖေးလီယာအို အတွက်ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၀၀ သတ်မှတ်လိုက်တဲ့ အေစီမီလန်အသင်း

16 Mar

ဥရောပထိပ်တန်းကလပ်အသင်းကြီးများ ခေါ်ယူရန်ပစ်မှတ်ထားနေတဲ့ အသင်းရဲ့ အဓိကတောင်ပံ ကစားသမား ရာဖေးလီယာအို အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင်သန်း ၁၀၀ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ရာဖေးလီယာအို ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ မြင့်မားတဲ့ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်တဲ့ စတာလင်ပေါင် သန်း ၇၀ ဖြင့် လိုင်လီအသင်းမှ အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းကို ပြသလျက်ရှိပါတယ်။ ရာဖေးလီယာအို က ဘယ်တောင်ပံတိုက်စစ်နေရာတွင် အကောင်းဆုံးခြေစွမ်းပြသလျက်ရှိပြီး လာမည့် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းနှင့် ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချဲလ်ဆီးအသင်းတို့က ခေါ်ယူရန်စောင့်ကြည့်လျက်ရှိလို့ အေစီမီလန်အသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း ၁၀၀ အထိ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။(NVS 008)

16 Mar

ADVERTISE HERE .