ချဲလ်ဆီးအသင်းက နည်းပြ မာရက်စ်ကာ ရဲ့နေရာမှာ အန်ဆယ်လော့တီ နဲ့ အစားထိုးရန်ကြိုးပမ်း
16 Mar
ချဲလ်ဆီးအသင်းက နည်းပြ မာရက်စ်ကာ ရဲ့ စွမ်းဆောင်ရည်ကို သံသယရှိလာတဲ့အတွက် ရီးရဲလ်မက်ဒရစ် အသင်းမှ ထွက်ခွာရန်ပြင်ဆင်နေသော နည်းပြ အန်ဆယ်လော့တီ နဲ့ အစားထိုးနိုင်ရန် ကြိုးပမ်းလျက်ရှိပါတယ်။ လက်ရှိမှာ နည်းပြ အန်ဆယ်လော့တီ က ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုခြင်း မရှိဘဲ အသင်းတာဝန်ရှိသူများက လေဗာကူဆင်အသင်း နည်းပြ အလွန်ဆို နဲ့ အစားထိုးသွားရန် ဆုံးဖြတ်ထား တာကြောင့် ချဲလ်ဆီးအသင်းက အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီ ကို အသင်းသို့ ပြန်လည်ခေါ်ယူ၍ အောင်မြင်မှုများရယူရန် မျှော်လင့်နေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ နည်းပြ မာရက်စ်ကာ ရဲ့ လက်အောက်တွင် ရာသီအစပိုင်းမှာ ရလဒ်များကောင်းမွန် ခဲ့သော်လည်း ယခုအခါ နောက်ဆုံး ၁၂ ပွဲတွင် လေးပွဲသာအနိုင်ရကာ ခြေစွမ်းပိုင်းကျဆင်းလာခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်ရန် မဖြစ်နိုင်တော့လို့ အသင်းတာဝန်ရှိသူများက မာရက်စ်ကာ ရဲ့ အနာဂတ်စီမံကိန်းနှင့် စွမ် ဆောင်ရည် အပေါ် သံသယဖြစ်ကာ နည်းပြ အန်ဆယ်လော့တီ နဲ့အစားထိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ အန်ဆယ်လော့တီ ဟာ ချဲလ်ဆီးအသင်းကို ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ တာဝန်ယူခဲ့ရာတွင် အမှတ်ပေးဆုဖလားအပြင် အေစီမီလန်၊ ရီးရဲလ်မက်ဒရစ်အသင်းတို့နဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ငါးကြိမ်ထိ ရယူပေးနိုင်ခဲ့လို့ ကမ္ဘာ့အကောင်းဆုံးနည်းပြအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။(NVS 008)