ဘိုင်ယန်မြူးနစ်အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ကင်မစ်ချ်

16 Mar

ဘိုင်ယန်မြူးနစ်အသင်းက အသင်းကွင်းလယ်ကစားသမား ကင်မစ်ချ် အား ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့နိုင်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။ ကွင်းလယ်ကစားသမား ကင်မစ်ချ် ဟာ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ၂၀၁၅-၂၀၁၆ မှ လက်ရှိဘောလုံး ရာသီအထိပြိုင်ပွဲစုံ ၄၃၈ ပွဲကစားပြီး ၄၃ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၃၀ နှစ်အရွယ်ရှိ ကင်မစ်ချ် က ဘိုင်ယန်မြူးနစ်အသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ဖြစ်ကြောင်းနဲ့ ကစားသမားဘဝကို လက်ရှိအသင်းနဲ့ပဲ ကုန်ဆုံးလိုကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

16 Mar

ADVERTISE HERE .