လိဂ်ဖလားဗိုလ်လုပွဲစဉ်တွင် လီဗာပူးလ်အသင်းအား အနိုင်ယူသွားမည်ဟု ဘရူနိုဂွီမာရေ့စ် ပြောကြား

16 Mar

နယူးကာဆယ်အသင်းခေါင်းဆောင် ဘရူနိုဂွီမာရေ့စ် က နယူးကာဆယ်အသင်းအနေနဲ့ လိဂ်ဖလားဗိုလ်လု ပွဲစဉ်တွင် လီဗာပူးအသင်းအား အနိုင်ရရှိအောင်ကြိုးစားပြီး ချန်ပီယံဆုအား ရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်အသင်း ကစားသမားများကလည်း လိဂ်ဖလားချန်ပီယံဆုရယူရေးအတွက် ဆန္ဒပြင်းပြလျက် ရှိနေပြီး လိဂ်ဖလားဗိုလ်လုပွဲစဉ်အဖြစ် မတ်လ ၁၆ ရက်(ယနေ့)မြန်မာစံတော်ချိန် ည ၁၁ နာရီတွင် လီဗာပူး အသင်းနှင့် နယူးကာဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် အသင်းခေါင်းဆောင် ဘရူနိုဂွီမာရေ့စ် က လိဂ်ဖလားဗိုလ်လုပွဲမှာ လီဗာပူး အသင်းအား အနိုင်ရယူပြီး ချန်ပီယံဆုကို ရယူသွားမှာဖြစ်ကြောင်းနဲ့ နယူးကာဆယ်အသင်းအတွက် သမိုင်းသစ် ရေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပြီး နယူးကာဆယ်အသင်းမှာဘဲ ကစားသမားဘဝကို ကုန်ဆုံးသွား လိုကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

16 Mar

ADVERTISE HERE .