လက်ရှိဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃ သိန်းကျော် တင်ပို့ထား

16 Mar

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ၁၁ လတာကာလ အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃ သိန်းကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁,၀၈၇ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ ပြည်ပနိုင်ငံများသို့တင်ပို့ရာမှာ ဧပြီလတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၁၁,၈၆၂ တန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၅၅ သန်း၊ မေလတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၇၁,၂၈၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆ သန်း၊ ဇွန်လတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၆၂,၃၂၆ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၄ သန်း၊ ဇူလိုင်လတွင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၆၅,၄၄၄ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၂ သန်း၊ ဩဂုတ်လတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၀၇,၃၇၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၇ သန်း၊ စက်တင်ဘာလတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၁၉,၅၆၅ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၄ သန်း၊ အောက်တိုဘာလတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၄၂၄,၇၈၄ တန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၈၉ သန်း၊ နိုဝင်ဘာလတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၃၄,၅၃၅ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅၆ သန်း၊ ဒီဇင်ဘာလတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၃၇,၄၉၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၅ သန်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၀၉,၅၉၉ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၇ သန်းနှင့် ဖေဖော်ဝါရီ လတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၂၉,၄၅၂ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၂ သန်း ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၉ သန်းဖြင့် အများဆုံးတင်ပို့ နိုင်ခဲ့ပြီး နိုဝင်ဘာလတွင် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၆ သန်းဖြင့် ဒုတိယအများဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သန်း ကျော်တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၈၄၅ သန်းကျော်ရရှိခဲ့ပြီး လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းကျော် တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရပါတယ်။(NVS 004)

16 Mar

ADVERTISE HERE .