ဝုလ်ဗ်အသင်းမှ ကူညာကို အာဆင်နယ်အသင်း ခေါ်ယူရန် ဦးစားပေးပစ်မှတ်အဖြစ်ထား
15 Mar
အာဆင်နယ်အသင်းဟာ ဝုလ်ဗ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ကူညာကို လာမည့်နွေရာသီ တွင် ခေါ်ယူရန် ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် ကူညာဟာ ယခုရာသီမှာ ဝုလ်ဗ်အသင်းတွင် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် ၂၆ ပွဲမှာ ၁၃ ဂိုး သွင်းယူထားပါတယ်။ ကူညာဟာ ဝုလ်ဗ်အသင်းနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး စျေးကွက် ပေါက်ကြေး အရ ယူရိုသန်း ၅၀ ကျော် ရှိနေကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းဟာ အက်သလက်တီကိုအသင်း၏ အားကစားဒါရိုက်တာဟောင်း အန်ဒရီယာဘာတာ ကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် အန်ဒရီယာ က အက်သလက်တီကို အသင်း မှာ ခေါ်ယူထားပေးခဲ့ဘူးတဲ့ ဝုလ်ဗ်တိုက်စစ်မှူး ကူညာကို အဓိကပစ်မှတ်ထား ခေါ်ယူဖွယ်ရှိကြောင်း သတင်းထွက်လာခြင်း ဖြစ်ပါတယ်။ ကူညာကို ခေါ်ယူရန် အာဆင်နယ်အပြင် တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်း လိုနေတဲ့ မန်ယူအသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ (NVA 008)