၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ဘောလုံးအကယ်ဒမီကျောင်းသားအသစ်များ ရွေးချယ်ခေါ်ယူမည်
15 Mar
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်ထားသည့် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)၊ အမျိုးသား ဘောလုံးအကယ်ဒမီ(ရန်ကုန်)တို့တွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသားအသစ်များကို ရွေးချယ် ခေါ်ယူ သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ရွေးချယ်ခေါ်ယူမယ့် သတ်မှတ်ချက်များမှာ ၂၀၁၃ ခုနှစ်ဖွား အသက် ၁၂ အောက်၊ ၂၀၁၂ ခုနှစ်ဖွား အသက် ၁၃ နှစ်အောက်၊ ၂၀၁၁ ခုနှစ်ဖွား အသက် ၁၄ နှစ်အောက်တို့ကို ခေါ်ယူ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ပဏာမအဆင့် ရွေးချယ်ခြင်းကို မတ်လ ၂၈ ရက်မှ မတ်လ ၃၀ ရက်အထိ မော်လမြိုင်မြို့ ကျောင်းသား အားကစားကွင်းတွင် လည်းကောင်း၊ ဧပြီလ ၁ ရက်မှ ၃ ရက်အထိ ပဲခူးမြို့ ဟံသာဝတီ ယူနိုက်တက်ကွင်းတွင် လည်းကောင်း ၊ ဧပြီလ ၉ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ရှိ လေ့ကျင့်ရေးကွင်း(၁)၊ သုဝဏ္ဏတွင် လည်းကောင်း ၊ ဧပြီ ၂၃ ရက်မှ ၂၅ ရက်အထိ နေပြည်တော်ပေါင်းလောင်းကွင်းတွင် လည်းကောင်း၊ ဧပြီလ ၂၈ ရက်မှ ၃၀ ရက် အထိ မန္တလေးမြို့ မြန်မာဘောလုံးအကယ်ဒမီ လေ့ကျင့်ရေးကွင်းတွင် လည်းကောင်း၊ မေလ ၁ ရက်မှ ၃ ရက်အထိ တောင်ကြီးမြို့ ရှမ်းပြည်နယ်အားကစားကွင်းတွင်လည်းကောင်း အသီးသီး ရွေးချယ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ နောက်ဆုံးအဆင့် ရွေးချယ်ခြင်းကို မေလ ၆ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့၊ လေကျင့်ရေးကွင်း(၁) သုဝဏ္ဏကွင်းနှင့် မေလ ၁၂ ရက်မှ ၁၄ ရက်အထိ မန္တလေးမြို့ မြန်မာဘောလုံးအကယ်ဒမီကွင်းတွင် ထပ်မံ ရွေးချယ် ခေါ်ယူသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVA 008)