ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်အသစ်ချုပ်ဆိုနိုင်ခဲ့တဲ့ ကင်မစ်ချ်
15 Mar
ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာမယ့်အပြောင်းအရွှေ့သတင်းများစွာ ထွက်ပေါ်ခဲ့တဲ့ ကွင်းလယ် ကစား သမား ကင်မစ်ချ် ဟာ ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။ ကင်မစ်ချ်ဟာ အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုပြီးနောက် ၎င်းအတွက် ဘိုင်ယန်မြူးနစ်အသင်းထက် ပိုကောင်းသည့်နေရာ မရှိကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၃၀ အရွယ် ဂျာမန်ကွင်းလယ်ကစားသမား ကင်မစ်ချ်ဟာ ၂၀၁၅ ခုနှစ်မှာ လိုက်ပ်ဇစ်အသင်းကနေ ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ကစားပေး ခဲ့သူ ဖြစ်ပါတယ်။ နောက်ဆုံးချုပ်ဆိုခဲ့သော စာချုပ်အရ လာမည့်နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးမှာဖြစ်ရာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မည့်အခြေအနေဖြစ်သောကြောင့် ၎င်းကို ခေါ်ယူ လိုသည့်အသင်းများစွာလည်းရှိနေခဲ့ပါတယ်။ ကင်မစ်ချ်သည် ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၀၁၅-၁၆ ရာသီမှ စ၍ အဓိက ကစားသမားအဖြစ် ရပ်တည်ခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၄၃၈ပွဲ ကစားပေးထားခဲ့ပါတယ်။ (NVA 008)