အယ်လ်ဟီလာအသင်းက ဗန်ဒိုက်ကို တစ်နှစ်လစာ ယူရိုသန်း ၂၀ နဲ့ ကမ်းလှမ်း
15 Mar
ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဟာ လီဗာပူးလ်အသင်းမှ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ကို တစ်နှစ် လစာ ယူရိုသန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဗန်ဒိုက်ဟာ ယခုရာသီကုန်မှာ လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းတိုးရန် ဆွေးနွေးမှုမှာ အဆင်မပြေဖြစ်နေကြောင်း သိရပါတယ်။ ဗန်ဒိုက်ကိုယ်တိုင်ကလည်း မိမိအနေနဲ့ နောက်ရာသီ၌ မည်သည့်အသင်းတွင် ရှိနေမည်ကို မသိရှိသေး ကြောင်း PSG အသင်းကို ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ဝန်ခံပြောကြားခဲ့ပါတယ်။ အယ်လ်ဟီလာအသင်းက ဗန်ဒိုက်အား ခေါ်ယူရန် မြင့်မားတဲ့ လစာငွေတစ်ရပ်ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းမှာ တစ်နှစ်လစာ ယူရို ၁၃ သန်းဝန်းကျင် ရရှိနေကြောင်း သိရပါတယ်။ ဗန်ဒိုက် ကို ခေါ်ယူရန် အယ်လ်ဟီလာ အသင်း အပြင် PSG အသင်းကပါ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ (NVA 008)