မန်ယူကစားသမား ဒါလော့ကို ရီးယဲလ်နှင့် ဘိုင်ယန်မြူးနစ် ခေါ်ယူရန် အပြိုင်ကြိုးပမ်း
15 Mar
မန်ယူအသင်းမှ ပေါ်တူဂီနောက်ခံလူ ဒါလော့ကို ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဒါလော့ဟာ မန်ယူအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း မန်ယူအသင်း၏ ကျဆင်းနေသည့်အခြေအနေကြောင့် အသင်းမှ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဒါ့ကြောင့် ဒါလော့ကို ရီးယဲလ်နှင့် ဘိုင်ယန်မြူးနစ်တို့က ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ပြီး ရီးယဲလ် အသင်းက ခံစစ်ပိုင်းကို အားဖြည့်ရန် စီစဉ်နေတာကြောင့် နွေရာသီတွင် ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ ပေါ်တူဂီ လက်ရွေးစင်နောက်ခံလူ ဒါလော့ဟာ ၂၀၁၈ ခုနှစ်မှာ ပေါ်တိုအသင်းမှ မန်ယူအသင်းထံသို့ ပေါင် ၁၉ သန်း ဝန်းကျင်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး နည်းပြ အာမိုရင်မ်လက်ထက်တွင် အဓိကကစားသမားအဖြစ် ပွဲထွက်ခွင့် ရနေသူဖြစ်တာကြောင့် မန်ယူအသင်းက ရောင်းချလိုခြင်းမရှိကြောင်း သိရပါတယ်။(NVA 008)