ပြည်တွင်းဈေးကွက်အတွင်း ဘိလပ်မြေဈေး ကျဆင်းလာ
15 Mar
ပြည်ပမှ ဘိလပ်မြေများ တင်သွင်းဝင်ရောက်လာခြင်းကြောင့် ပြည်တွင်းဈေးကွက်အတွင်း ဘိလပ်မြေဈေး အနည်းငယ်ကျဆင်းလာကြောင်း အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်သူများထံမှ သိရပါတယ်။ ဘိလပ်မြေများ ပြတ်သွားပြီးနောက် ဈေးနှုန်းများမြင့်တက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလနောက်ဆုံးပတ်မှစတင်ကာ ပြည်ပမှ တင်သွင်းထားတဲ့ ဘိလပ်မြေများ ပုံမှန်ပြန်ဝင်လာသည့်အတွက် ဈေးကျလာခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခင်က ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် ၁၀,၀၀၀ ကျော်သာရှိခဲ့ရာမှ ဘိလပ်မြေ ပြတ်သွားတဲ့ ကာလတွင် ဘိလပ်မြေအမျိုးအစားအလိုက် တစ်အိတ်လျှင် ကျပ် ၃၀,၀၀၀ ကျော်အထိ ဈေးပေါက်ခဲ့ပါတယ်။ ယခုအခါ ပြည်ပမှ ဘိလပ်မြေများ ဝင်ရောက်လာတာကြောင့် တစ်အိတ်လျှင် ကျပ် ၂၀,၀၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာပြီး ဒေသအလိုက် ဈေးနှုန်းကွာဟမှု အနည်းငယ်တော့ ရှိနေပါတယ်။(NVA 004)
15 Mar