ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးနှင့် ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ယာမယ်
13 Mar
ဘာစီလိုနာအသင်းတောင်ပံကစားသမား ယာမယ် ဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် တစ်ပွဲတည်းတွင် သွင်းဂိုးနှင့် ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်မှတ်တမ်းဝင်ခဲ့ပါတယ်။ အသက် ၁၇ နှစ်နဲ့ ၄၁ ရက်သာရှိသေးတဲ့ ယာမယ် အနေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းက ဘင်ဖီကာအသင်းအား သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အဖိုးတန်သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးပြီးနောက် အခုလိုမှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယာမယ် ဟာ ဘာစီလိုနာအသင်းနှင့်အတူ ၂ဝ၂၂-၂၀၂၃ မှ လက်ရှိဘောလုံးရာသီအထိပြိုင်ပွဲစုံ ၈၇ ပွဲကစားပြီး ၁၈ ဂိုး သွင်းယူကာ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။(NVS 008)
13 Mar