ကမ္ဘာ့အကောင်းဆုံးကစားသမားဆု(Ballon d'or)အတွက် ရေပန်းစားလာတဲ့ ရာဖင်ဟာ

13 Mar

တိုက်စစ်ကစားသမား ဆာလတ် ရဲ့ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု(Ballon d'or) အတွက် ဘာစီလိုနာအသင်းမှ ရာဖင်ဟာ က ပိုမိုရေပန်းစားလာ ခဲ့ကြောင်းသိရပါတယ်။ အစောပိုင်းမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ရေပန်းစားမှုတွင် ရာဖင်ဟာ နဲ့ ဆာလတ် တို့က အပြိုင်ဖြစ်နေပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆)သင်းရှုံးထွက်အဆင့်မှာ လီဗာပူးအသင်းက ပြိုင်ပွဲမှထွက်ခွာခဲ့ရလို့ ဘာစီလိုနာအသင်းက ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ရာဖင်ဟာ အနေနဲ့ ပိုမိုရေပန်းစားလာ ခဲ့ခြင်း ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် သတ်မှတ်ချက်များတွင် ချန်ပီယံလိဂ်ပြိုင်ပွဲအောင်မြင်မှုက အရေးပါလျက်ရှိတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ စွမ်းဆောင်ရည်ပိုင်းတွင် ရာဖင်ဟာ က ဆာလတ် ထက် ပို၍အသာစီး ရရှိလာခဲ့တာဖြစ်ပါတယ်။ ရာဖင်ဟာ အနေနဲ့ ယခုနှစ်ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းနှင့်အတူ အကောင်းဆုံးစွမ်းဆောင်ရည် တွေကို ပြသထားနိုင်ခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စွမ်းဆောင်ရည် အကောင်းဆုံးဘောလုံးရာသီကို ပိုင်ဆိုင်ထားပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၁၁ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှုငါးကြိမ် ပြုလုပ်ထားနိုင်ခဲ့ကာ ဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမားအဖြစ် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။(NVS 008)

13 Mar

ADVERTISE HERE .