မတ်လ ၁၇ ရက်မှစတင်၍ ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ ကျောင်းဝင်ကြေးနှင့် ကျောင်းလခများ ပေးသွင်းခြင်းကို အွန်လိုင်းစနစ်ဖြင့် ပေးသွင်းနိုင်မည်
13 Mar
လာမည့် မတ်လ ၁၇ ရက်မှစတင်၍ ပညာရေးဝန်ကြီးဌာနရှိ၊ တက္ကသိုလ်များတွင် ကျောင်းဝင်ကြေးနှင့် ကျောင်းလခပေးသွင်းခြင်းများကို MMQR စနစ်နဲ့ချိတ်ဆက်ထားတဲ့ Online Payment၊ Mobile Wallet တို့ဖြင့် ပေးချေနိုင်မည်ဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခများကို Online Payment၊ Mobile Wallet ဖြင့် ပေးသွင်းခြင်းတို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဦးစီးကော်မတီအစည်းအဝေး (၁/၂၀၂၅) တွင် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့် က ပြောကြား ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားများအနေနဲ့ ကျောင်းဝင်ကြေးနဲ့ ကျောင်းလခများကို ငွေသားဖြင့်ပေးသွင်းခြင်းအစား ဒစ်ဂျစ်တယ်ငွေကြေး(Digital Currency) သုံးစွဲခြင်းအလေ့အကျင့်ကို ပြောင်းလဲကျင့်သုံးနိုင်ရန်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ MMQR စနစ်တွင်ချိတ်ဆက်ထားသော ဘဏ်အဖွဲ့အစည်းများနှင့် အွန်လိုင်းငွေပေးချေခြင်းကို မတ်လ ၁၇ ရက်မှစတင်၍ ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ (NVS 004)