မန်ယူအသင်းက ရာသီအကြိုခြေစမ်းပွဲစဉ်များကို အမေရိကန်တွင် ကစားမည်ဖြစ်ကြောင်းထုတ်ပြန်

12 Mar

မန်ယူအသင်းက လာမည့်ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ရာသီအကြိုခြေစမ်းပွဲစဉ်များကို အမေရိကန်နိုင်ငံတွင် ကစားသွားမည်ဖြစ်ကာ ပရီးမီးယားလိဂ်ပြိုင်ဘက်များဖြစ်တဲ့ ဝက်စ်ဟမ်းအသင်း၊ ဘုန်းမောက် အသင်း၊ အဲဗာတန်အသင်းတို့နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ရာသီအကြိုခြေစမ်းပွဲစဉ်ကိုလည်း အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့တဲ့အပြင် ယခုနှစ်မှာလည်း အမေရိကန်ခရီးစဉ်ကိုသာ ရွေးချယ်ခဲ့ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားမှာဖြစ်သလို ပရီးမီးယားလိဂ်ပြိုင်ဘက် သုံးသင်းဖြင့် ကစားသွားဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းထုတ်ပြန်ခဲ့သည့် ခြေစမ်းပွဲစဉ်များအရ လာမည့် ဇူလိုင်လ ၂၆ ရက်တွင် ဝက်စ်ဟမ်းအသင်းနှင့် ပွဲစဉ်ကို နယူးဂျာစီမြို့၊ မက်လိုက်ကစားကွင်း၊ ဘုန်းမောက်အသင်းနှင့်ပွဲစဉ်ကို ဇူလိုင်လ ၃၀ ရက်တွင် ချီကာဂိုမြို့၊ ဆိုးဂျားဖီးလ်ကစားကွင်း၊ အဲဗာတန်အသင်းနှင့်ပွဲစဉ်ကို ဩဂုတ်လ ၃ ရက်တွင် အတ္တလန်တာမြို့၊ မာစီဒီးဘန့်ဇ် ကစားကွင်းတို့မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ (NVS 008)

12 Mar

ADVERTISE HERE .