မန်ယူအသင်းက ပရိသတ် ၁၀၀,၀၀၀ ဝင်ဆံ့သည့် ကွင်းသစ်တည်ဆောက်ရန် ထုတ်ပြန်ကြေညာ
12 Mar
မန်ယူအသင်းက ပရိသတ်ဦးရေ ၁၀၀,၀၀၀ ဝင်ဆံ့တဲ့ ကစားကွင်းသစ်တည်ဆောက်ရန် စီစဉ်နေပြီး အဆိုပါကစားကွင်းအတွက် အသုံးစရိတ် စတာလင်ပေါင်နှစ်ဘီလီယံအထိ သုံးစွဲသွားမည်ဖြစ်ကာ တည်ဆောက်ပြီးစီး ပါက အင်္ဂလန်တွင်အကြီးဆုံး ကစားကွင်းဖြစ်လာမယ်လို့ သိရပါတယ်။ မန်ယူအသင်းရဲ့ ပူးတွဲပိုင်ရှင်သစ် ရက်ကလစ် က ဝင်ဘာလေကွင်းရဲ့ မြောက်ဘက်ဧရိယာမှာ အင်္ဂလန်နိုင်ငံရဲ့ အကြီးဆုံးကစားကွင်းတစ်ကွင်း တည်ဆောက်ရန် ဆန္ဒရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလက ကစားကွင်းသစ်တည်ဆောက် ရေးအတွက် အစိုးရအဖွဲ့သို့တင်ပြထားခဲ့ကာ ယခုအခါ အိုးထရက်ဖို့ဒ်ကွင်းအနီးဝန်းကျင်တွင် ကွင်းသစ်တည်ဆောက်ရန် ခွင့်ပြုချက်ရရှိခဲ့လို့ တရားဝင်ကြေညာခဲ့တာ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းသစ်စီမံကိန်းတွင် ထရက်ဖို့ဒ်ပန်းခြံလည်း ပါဝင်မည်ဖြစ်ကာ အဆိုပါပန်းခြံက သယ်ယူ ပို့ဆောင်ရေးမှာ အဓိကအချက်အခြာနေရာဖြစ်လာကာ အားကစားနှင့်သက်ဆိုင်သည့် အဆောက်အအုံများ၊ ဖျော်ဖြေရေးဆိုင်ရာ အဆောက်အအုံများ၊ လူနေအဆောက်အအုံများ၊ ပညာရေးဆိုင်ရာ အဆောက်အအုံများလည်း ထည့်သွင်း တည်ဆောက်သွားမှာဖြစ်ပါတယ်။ (NVS 008)