ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရမည့် ဖလော်ရီယန်ဝက်စ်
11 Mar
လေဗာကူဆင်အသင်း လူငယ်ကွင်းလယ်ကစားသမား ဖလော်ရီယန်ဝက်စ် ဟာ ခြေထောက်ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ဖလော်ရီယန်ဝက်စ် ဟာ လေဗာကူဆင်အသင်းက ဝါဒါဘရီမင်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဖလော်ရီယန်ဝက်စ် အနေနဲ့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရခြင်းက လေဗာကူဆင်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။ ဖလော်ရီယန်ဝက်စ် အနေနဲ့ လေဗာကူဆင်အသင်းနဲ့အတူ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှ လက်ရှိဘောလုံး ရာသီအထိ ပြိုင်ပွဲစုံ ၁၉၁ ပွဲကစားပြီး ၅၆ ဂိုးသွင်းယူကာ ခြေစွမ်းပြထားနိုင်တာဖြစ်ပါတယ်။(NVS 008)
11 Mar