မန်ယူအသင်းမှ ထွက်ခွာရန်ပြင်ဆင်နေတဲ့ ကိုဘီမိုင်နူး
11 Mar
မန်ယူအသင်း လူငယ်ကွင်းလယ်ကစားသမား ကိုဘီမိုင်နူး ဟာ မန်ယူအသင်းရဲ့ သက်တမ်းတိုးစာချုပ်အတွက် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ အသက် ၁၉ နှစ်ရှိ ကိုဘီမိုင်နူး အနေနဲ့ မန်ယူအသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ မန်ယူအသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုကာ စတင်ပါဝင်ကစားခဲ့ပြီး နည်းပြဟောင်း တန်ဟတ် လက်အောက်တွင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့ကာ အင်္ဂလန်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပြီး ကွင်းလယ်ပိုင်းတွင် ဒီကလန်ရိုက် နဲ့တွဲဖက်၍ ခြေစွမ်းကောင်းကို ပြသထားနိုင်ခဲ့ပါတယ်။ ယခုနှစ်ဘောလုံးရာသီတွင် ဒဏ်ရာပြဿနာများအပြင် လက်ရှိနည်းပြ အာမိုရင် လက်အောက်တွင်လည်း ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရကာ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ရာတွင် လုပ်ခလစာတိုးမြှင့်ပေး ခြင်းမရှိတဲ့အတွက် ကမ်းလှမ်းမှုကိုပယ်ချခဲ့ပါတယ်။ မန်ယူအသင်းကလည်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိပါက အသင်းဝင်ငွေရရှိစေရန် ရောင်းချသွားဖွယ်ရှိပြီး ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၇၀ ထိ သတ်မှတ်ထားကြောင်းသိရပါတယ်။(NVS 008)