မန်စီးတီးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တဲ့ ဒီဘရိုင်း
11 Mar
မန်စီးတီးအသင်း ဝါရင့်ကွင်းလယ်ကစားသမားဖြစ်တဲ့ ဒီဘရိုင်း ဟာ ယခုနှစ် ဘောလုံးရာသီအကုန်တွင် မန်စီးတီးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ဒီဘရိုင်း အနေနဲ့ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် က ဝုဖ်ဘတ်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ် ဖလားအပါအဝင် ဆုဖလား များစွာ ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒီဘရိုင်း အနေနဲ့ အသက်အရွယ်အပိုင်းအခြားအရ အကျဘက်သို့ရောက်လာသလို ဒဏ်ရာပြဿနာ များကြောင့်လည်း ပုံမှန်ခြေစွမ်းအောက် ရောက်ရှိလာခဲ့လို့ မန်စီးတီးအသင်းက ဒီဘရိုင်း ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မရှိတာကြောင့် ဒီဘရိုင်း ကိုယ်တိုင်က မန်စီးတီးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)