အိုစီမန် ကိုခေါ်ယူရန်အတွက် ဟွိုက်လန်း ကို အလိုက်ပေးကမ်းလှမ်းမည့် မန်ယူအသင်း

11 Mar

မန်ယူအသင်းက တိုက်စစ်ပိုင်းလိုအပ်ချက်အတွက် ဂါလာတာစာရေးအသင်းတွင် အငှားသွားရောက် ကစားနေသည့် အိုစီမန် ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ အပြင် ဟွိုက်လန်း ကို အလိုက်ပေး ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း သိရပါတယ်။ အိုစီမန် ရဲ့ စာချုပ်ဖျက်သိမ်းကြေးမှာ ယူရို ၇၅ သန်းအထိရှိနေတာကြောင့် တိုက်စစ်မှူး ဟွိုက်လန်းကို အလိုက်ပေးကာ ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ဖြင့် ခေါ်ယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ အိုစီမန် အနေနဲ့ ဂါလာတာစာရေးအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ပြိုင်ပွဲ စုံ ၂၉ ပွဲတွင် သွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူခြေစွမ်းပြသနိုင်ခဲ့လို့ ထိပ်သီးကလပ်အသင်းကြီးများက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေခြင်း ဖြစ်ပါတယ်။(NVS 008)

11 Mar

ADVERTISE HERE .