အတ္တလန်တာအသင်းက ချန်ပီယံဆုကို စိန်ခေါ်နိုင်ကြောင်း နည်းပြ ဂတ်စပါရီနီ ပြော
11 Mar
ဂျူဗင်တပ်အသင်းနှင့် အတ္တလန်တာအသင်းတို့ရဲ့ စီးရီးအေပွဲစဉ်တွင် ဂျူဗင်တပ်အသင်းကို လေးဂိုးပြတ် အနိုင် ရခဲ့သည့် အတ္တလန်တာအသင်းအနေနဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်ကြောင်း နည်းပြ ဂတ်စပါရီနီ က ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ အတ္တလန်တာအသင်းဟာ ဂျူဗင်တပ်အသင်းကို နိုင်ပွဲရခဲ့ပြီးနောက် အမှတ်ပေးပွဲ ၂၈ ပွဲ ကစားအပြီးတွင် ရမှတ် ၅၈ မှတ်ထိရရှိခဲ့ကာ အဆင့်(၃)နေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ရမှတ် ၆၁ မှတ်ဖြင့် အဆင့်(၁)နေရာမှ အင်တာမီလန်အသင်းနဲ့ ရမှတ်သုံးမှတ်၊ အဆင့်(၂)နေရာမှ ရမှတ် ၆၀ ရရှိထားတဲ့ နာပိုလီအသင်းနဲ့ ရမှတ်နှစ်မှတ်သာ ကွာဟနေခဲ့လို့ စကူဒက်တိုချန်ပီယံဆုကို စိန်ခေါ်နိုင်ကြောင်း နည်းပြ ဂတ်စပါရီနီ က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါပွဲစဉ်တွင် ဂျူဗင်တပ်အသင်းဟာ အတ္တလန်တာအသင်းကို အိမ်ကွင်းတွင် ကစားခဲ့ရသော်လည်း ပြိုင်ဘက်အသင်းရဲ့တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့လို့ သွင်းဂိုးများကို ခွင့်ပြုခဲ့ရကာ ချေပဂိုးပြန်လည် သွင်းယူ နိုင်ခြင်းမရှိဘဲ လေးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အတ္တလန်တာအသင်းအနေနဲ့ ဂျူဗင်တပ် အိမ်ကွင်းတွင် လေးဂိုးထိသွင်းယူနိုင်ခဲ့လို့ ဂျူဗင်တပ်အသင်းနဲ့ တွေ့ဆုံမှုသမိုင်းတွင် ပထမဆုံးအဝေးကွင်း ဂိုးပြတ်နိုင်ပွဲ ရခဲ့တဲ့ ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။ (NVS 008)