“ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်လာမည်”
11 Mar
ပြီးခဲ့တဲ့ မတ်လ ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီးအသင်းက လက်စတာအသင်းကို အနိုင်ရကာ အဆင့် (၄) ကို ရောက်ရှိလာပြီးနောက် ချန်ပီယံလိဂ် ဝင်ခွင့်ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာခဲ့ပါတယ်။ လက်စတာနဲ့ပွဲမှာ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ပါးလ်မား ပင်နယ်တီလွဲခဲ့ပေမယ့် နောက်ခံလူ ကူကူရယ်လာ က အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် ချဲလ်ဆီး အသင်းဟာ ၂၈ ပွဲကစားအပြီး ၄၉ မှတ်နဲ့ အဆင့် (၄) နေရာကို တက်လာနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အဆင့် ၃ နေရာက နော်တင်ဟမ်အသင်းနဲ့ ၂ မှတ်သာ ကွာဟတော့တာဖြစ်လို့ လာမယ့်ပွဲစဉ် တွေမှာ ရလဒ်တွေ ဆက်ကောင်း ခဲ့မယ်ဆိုရင် အဆင့် (၃) နေရာကို မျှော်လင့်ခွင့်ရှိနေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့မှာ နော်တင်ဟမ်အသင်းကို ရှုံးနိမ့်ထားခဲ့တဲ့ မန်စီးတီးအသင်းကတော့ ၄၇ မှတ်နဲ့ အဆင့် (၅) နေရာကို ဆင်းပေးလိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုအရ အဆင့် (၁၀) နေရာက ဖူလ်ဟမ် အသင်းနဲ့ အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းတို့ကြား အမှတ်ကွာဟမှုက ၇ မှတ်သာရှိတာဖြစ်လို့ ဖူလ်ဟမ်အသင်းလည်း ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်ခွင့်ရှိနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ (NVS 008)