“ကစားသမားဘဝသွင်းဂိုး ၉၂၇ ဂိုးအထိ ရှိလာပြီဖြစ်တဲ့ ရိုနယ်ဒို”

11 Mar

အယ်လ်နာဆာအသင်းခေါင်းဆောင် ရိုနယ်ဒို ဟာ အယ်စတယ်လာအသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီမှတစ်ဆင့် သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့ပြီးနောက် ကစားသမားဘဝတစ်လျှောက်သွင်းဂိုး ၉၂၇ ဂိုးအထိ သွင်းယူရရှိထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။အာရှချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် အယ်လ်နာဆာအသင်းနဲ့ အီရန်ကလပ် အယ်စတယ်လာအသင်းတို့တွေ့ဆုံခဲ့ကြပြီး အယ်လ်နာဆာအသင်းက ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ရိုနယ်ဒို က ပယ်နယ်တီတစ်ဂိုး သွင်းယူပြီးနောက် အသက် ၃၀ ပြည့်ပြီးချိန်မှ သွင်းဂိုးပေါင်းမှာ ၄၆၄ ဂိုးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။ အခုသွင်းဂိုးကြောင့် ရိုနယ်ဒို အနေနဲ့ အသက် ၃၀ မပြည့်မီ သွင်းဂိုးအရေအတွက်ကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့တဲ့အပြင် ကစားသမားဘဝ သွင်းဂိုးပေါင်း ၉၂၇ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ယခုရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရိုနယ်ဒို က သွင်းဂိုးခုနစ်ဂိုးအထိ သွင်းယူထားပြီး ဂိုးအများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။ (NVS 008)

11 Mar

ADVERTISE HERE .