“အာရှချန်ပီယံလိဂ်မှာနောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တဲ့ အယ်လ်နာဆာအသင်း”
11 Mar
အယ်လ်နာဆာအသင်းက အာရှချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ အီရန်ကလပ် အယ်စတယ်လာအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၃ဂိုး ဂိုးမရှိနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အယ်လ်နာဆာအသင်းအတွက် ဒူရန် က ၉ မိနစ် နှင့် ၈၄ မိနစ်တို့မှာ နှစ်ဂိုးသွင်းယူပေးခဲ့ပြီး အသင်းခေါင်းဆောင် ရိုနယ်ဒို က ပွဲချိန် ၂၇ မိနစ်မှာ ရရှိခဲ့တဲ့ ပယ်နယ်တီမှတစ်ဆင့် တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အယ်လ်နာဆာအသင်းက ကွာတားဖိုင်နယ်မှာ ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အာရှချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှ ဗိုလ်လုပွဲအထိ ပွဲစဉ်များကို ဆော်ဒီအာရေဗျနိုင်ငံ၊ Jeddah မြို့တွင် ဧပြီလ ၂၅ ရက်မှ မေလ ၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲမည့်အသင်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)