“တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်မီးမပျက်ရေး အလေးထားဆောင်ရွက်ပေးမည်”

11 Mar

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိရန် ဆောင်ရွက်သွား မှာဖြစ်တဲ့အပြင် ကျောင်းသူ/ကျောင်းသားများ သွားလာရေးလွယ်ကူ‌ချောမွေ့စေရန် YBS ယာဉ်များ ထပ်တိုး ပြေးဆွဲပေး မှာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်မီး မပြတ်တောက်ရေး အလေးထားဆောင်ရွက်ကြရန် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကနေ သိရပါတယ်။ တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်/ကောလိပ်စာမေးပွဲများ တပြိုင်တည်းကျင်းပမှာဖြစ်တဲ့အတွက် စာမေးပွဲဖြေဆိုချိန် ကာလနှင့် သင်ခန်းစာများ လေ့လာကျက်မှတ်ချိန်ကာလများအတွင်း လျှပ်ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး အထူး အလေးထားဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အ‌ပြင် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်နေရသော ကျောင်းသား/ကျောင်းသူများ အတွက်ရည်ရွယ်ကာ ဆေးရုံစာဖြေဌာန ၄ ခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကု နှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ဝေဘာဂီအထူးကုဆေးရုံကြီးတို့မှာ ဖွင့်လှစ်မယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။ (NVS 004)

11 Mar

ADVERTISE HERE .