“လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး OSH သင်တန်းဖွင့်လှစ်မည်”
11 Mar
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၏ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဦးဆောင်၍ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး (OSH) သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ SAFETY SUPERVISOR COURSE သင်တန်းကို မတ်လ ၂၂ ရက်မှ ၂၅ ရက်အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ Safety Course စိတ်ဝင်စားသူ များ၊Site Engineer များ၊ Safety officer များ၊ Supervisor များတက်ရောက်နိုင်ကြောင်း သိရပါတယ်။ ထိုသင်တန်းတွင် သင်တန်းသားဦးရေ (၂၀) ဦးသာလက်ခံသင်ကြားသွားမည်ဖြစ်ပြီး၊ သင်တန်းပြီးမြောက် လျှင် MCEF မှ Certificate ပေးအပ်သွားမည်ဖြစ်ကြောင်း၊သင်တန်းတက်ရောက်ခြင်းဖြင့် MCEF အသင်းဝင် ကုမ္ပဏီကြီးများနှင့် ထိတွေ့ဆက်ဆံနိုင်မည်ဖြစ်ကာ မျိုးဆက်သစ်လုပ်ငန်းခွင် (Internship) ဆင်းနိုင်ပြီး Engineer များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)