“IBE International Education Fair 2025 ကျင်းပသွားမည်”
11 Mar
ပြည်တွင်း/ပြည်ပ နိုင်ငံတကာပညာရေး အခွင့်အလမ်းများအတွက် IBE Education Fair Intel-Bridge Education ကနေ ပြည်တွင်းမှာ ကျောင်းတက်ချင်သူများနဲ့ ပြည်ပကို ပညာတော်သင်သွားချင်တဲ့သူများအတွက်ပါ အဆင်ပြေအကျိုးရှိစေမယ့် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာပညာရေးပြပွဲကြီး "IBE International Education Fair 2025" ကို မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ Sedona Hotel (Grand Ballroom) မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါပြပွဲမှာ ဥရောပနိုင်ငံများမှ ကျောင်းများနှင့် အရှေ့တောင်အာရှနိုင်ငံတွေ China, Korea, Malaysia, Singapore နဲ့ Thailand တို့မှ ကျောင်းများပါ ပါဝင်သွားမှာဖြစ်ပြီး နိုင်ငံအသီသီးက ကျောင်းတွေရဲ့ Representative တွေ လေ့လာနိုင်မှာ ဖြစ်တဲ့အပြင် သိလိုတာများကို တိုက်ရိုက်မေးမြန်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင်ပြည်တွင်းနာမည်ကြီး နိုင်ငံတကာကျောင်းတွေရဲ့ Representative တွေကိုလည်း သိရှိနိုင်မှာဖြစ်တဲ့ အတွက် ပြည်တွင်းမှာပဲ ကျောင်းတက်ဖို့ စဉ်းစားထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက်လည်း ရွေးချယ် စရာ နိုင်ငံတကာ ပညာရေးလမ်းကြောင်းတွေ၊ ပညာရေးအခွင့်အလမ်းတွေကို တိုက်ရိုက်ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)