“ပါတေး နေရာအစားထိုးရန် ကစားသမားသုံးဦးကို ပစ်မှတ်ထားနေတဲ့ အာဆင်နယ်အသင်း”
10 Mar
အာဆင်နယ်အသင်းက လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာမယ့် ကွင်းလယ်ကစားသမား ပါတေး ရဲ့ နေရာမှာ အစားထိုးရန်အတွက် ကစားသမားသုံးဦးကို ပစ်မှတ်ထားနေကြောင်းသိရပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ ပါတေး က လာမည့်နွေရာသီမှာ အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းမှ ထွက်ခွာဖို့ရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ပါတေး ကို ၂၀၂၀ ပြည့်နှစ်က အက်သလက်တီကိုအသင်းမှ ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ ပါတေး ကို ဘာစီလိုနာအသင်းနှင့် ဂျူဗင်တပ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းလည်း သိရပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းက အစားထိုးရန် စီစဉ်နေရာ ဆိုစီဒက်အသင်’းမှ ဇူဘီမန်ဒီ၊ ဘိုင်ယန်မြူးနစ်အသင်းမှ ကင်မစ်ချ်နှင့် ရိုစင်ဘော့အသင်းမှ ဆဗာရီနီပန် တို့ကို ပစ်မှတ်ထားလျက်ရှိတယ်လို့ သိရပါတယ်။ (NVS 008)
10 Mar