“ပရီးမီးယားလိဂ်ရှုံးပွဲအရေအတွက် ကိုးပွဲအထိရှိလာတဲ့ မန်စီးတီးအသင်း”
10 Mar
မန်စီးတီးအသင်းက ယခုနှစ်ဘောလုံးရာသီမှာ ရလဒ်များအလွန်ဆိုးရွားနေပြီး ပရီးမီးယားလိဂ် ရှုံးပွဲ အရေအတွက် ကိုးပွဲအထိ ရှိလာခဲ့တဲ့ မှတ်တမ်းဆိုးတစ်ရပ်ပိုင်ဆိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအသင်းက နော်တင်ဟမ်ဖောရက်စ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ယခုလို မှတ်တမ်းဆိုး တစ်ရပ်ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းက ယခုနှစ်ဘောလုံး ရာသီပရီးမီးယားလိဂ်ပွဲစဉ် ၂၈ ပွဲကစားအပြီးမှာ နိုင်ပွဲ ၁၄ ပွဲ၊ သရေ ငါးပွဲ၊ ရှုံးပွဲ ကိုးပွဲအထိ ရှိလာခဲ့ပါတယ်။ ဒါ့အပြင်မန်စီးတီးအသင်းက လက်ရှိအချိန် အမှတ်ပေးဇယားအဆင့် (၅) နေရာမှာ ရပ်တည်နေပြီး အဆင့် (၁) နေရာမှ လီဗာပူးလ်အသင်းနှင့် ရမှတ် ၂၁ မှတ်အထိ ကွာဟနေခဲ့မှုကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့်လွဲချော်ရန် သေချာလုနီးပါးရှိနေခဲ့ပြီဖြစ်ပါတယ်။ (NVS 008)
10 Mar