“လီဗာပူးလ်အသင်းရဲ့ တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဆာလတ် ရပ်တည်”

10 Mar

တိုက်စစ်မှူး ဆာလတ် က ဆောက်သမ်တန်အသင်းနှင့် ကစားခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အသင်းသမိုင်းမှာ သွင်းဂိုး ၂၄၂ ဂိုးနဲ့ တတိယမြောက် ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ သမိုင်းမှာ တတိယမြောက် ဂိုးသွင်းအများဆုံး ဖြစ်တဲ့ ဟော့ဆန် က ၁၉၂၆ ခုနှစ်မှ ၁၉၃၅ ခုနှစ်အတွင်း ကစားခဲ့ရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၂၄၁ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် တိုက်စစ်မှူး ဆာလတ် က ဆောက်သမ်တန်အသင်းနှင့် ပွဲစဉ်မှာ ပွဲကစားချိန် ၅၄ မိနစ်နှင့် ၈၈ မိနစ် တို့မှာ ပင်နယ်တီမှတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းကို သုံးဂိုး၊တစ်ဂိုးနဲ့ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အပြင် ပြိုင်ပွဲစုံ သွင်းဂိုး ၂၄၂ ဂိုးထိ ရှိခဲ့တာကြောင့် ဟော့ဆန် ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ လီဗာပူးအသင်း သမိုင်းတွင်း ဂိုးသွင်းအများဆုံး ကစားသမားများအဖြစ် အီရန် ရက်က သွင်းဂိုး ၃၄၆ ဂိုးဖြင့် ပထမ၊ ရော်ဂျာဟန့်က သွင်းဂိုး ၂၈၅ ဂိုးဖြင့် ဒုတိယ၊ ဆာလာဟ်က သွင်းဂိုး ၂၄၂ ဂိုးဖြင့် တတိယ၊ ဟော့ဆန်က သွင်းဂိုး ၂၄၁ ဂိုးဖြင့် စတုတ္ထ၊ လစ် ဒဲလ်က သွင်းဂိုး ၂၂၈ ဂိုးဖြင့် ပဉ္စမ၊ ဂျာရတ်က သွင်းဂိုး ၁၈၆ ဂိုးဖြင့် ဆဋ္ဌမနေရာတွင် ရပ်တည်လျက် ရှိပါတယ်။ (NVS 008)

10 Mar

ADVERTISE HERE .