“ဖေဖော်ဝါရီလအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ဘရာဟမ်ဒီယက်ဇ် ဆွတ်ခူး”
10 Mar
စပိန်လာလီဂါပြိုင်ပွဲရဲ့ ဖေဖော်ဝါရီလအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ရီးရဲလ်အသင်း တောင်ပံကစားသမား ဘရာဟမ်ဒီယက်ဇ် က ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်ရှိ ဘရာဟမ် ဒီယက်ဇ် က ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း အသင်းနှင့်အတူကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်များမှာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးများကို သွင်းယူ နိုင်ခဲ့ပြီးနောက် ဖေဖော်ဝါရီလအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘရာဟမ်ဒီယက်ဇ် က ဖေဖော်ဝါရီလအတွင်းကစားခဲ့တဲ့ ဘက်တစ်အသင်းနှင့် ပွဲစဉ်မှာ တစ်ဂိုး၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မန်စီးတီးအသင်းနှင့် ပွဲစဉ်မှာ သွင်းဂိုး တစ်ဂိုးနှင့် အေတီကို အသင်းနှင့်ပွဲစဉ်တွင်လည်း အရေးပါတဲ့ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် တစ်လတာအကောင်း ဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ (NVS 008)