“UFC 313 ပြိုင်ပွဲမှာ ဒိုင်အမှတ်နဲ့ အနိုင်ရရှိခဲ့ မြန်မာဖိုက်တာ ဂျိုရှူအာဗန်”

10 Mar

အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်မြို့ရှိ T-Mobile ကွင်းမှာ ကျင်းပခဲ့တဲ့ UFC 313 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ ဂျိုရှူအာဗန် က ဖလိုင်းဝိတ်တန်းပွဲစဉ်အဖြစ် ဂျပန်ဖိုက်တာ ဆူရူယနှင့် ထိုးသတ်ခဲ့ရာ ဒိုင်အမှတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဂျိုရှူအာဗန် အနေနဲ့ ၁၀ ပွဲဆက် ရှုံးပွဲမရှိ စွမ်းဆောင်ရည်ကောင်တွေ ပြထားနိုင်ခဲ့တဲ့ ဆူရူယ ကို အကောင်းဆုံးဖိအားပေးထိုးသတ်နိုင်ခဲ့ကာ လက်ရည်အသာစီး ရရှိခဲ့ပြီး ဒိုင်အမှတ်နဲ့ အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဂျိုရှူအာဗန် က ဖိုက်တာလောကကို အစောပိုင်းက Fury အဖွဲ့အစည်းနှင့် စာချုပ်ချုပ်ဆိုကာ ပြိုင်ပွဲများ ပါဝင်ထိုးသတ် ခဲ့ပြီးနောက် အောင်မြင်မှုများ ရယူနိုင်ခဲ့တဲ့အတွက် ဖိုက်တာလောကမှာ ထိပ်တန်းအဖွဲ့အစည်းဖြစ်တဲ့ UFC က ခေါ်ယူ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဂျိုရှူအာဗန် အနေနဲ့ ဆူရူယ ကို အနိုင်ရရှိခဲ့ပြီးနောက် UFC ပြိုင်ပွဲမှာ ခုနှစ် ပွဲ ကစားခဲ့ရာ ခြောက်ပွဲအနိုင်ရရှိခဲ့ပြီး တစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဂျိုရှူအာဗန် က မြန်မာနိုင်ငံကိုယ်စားပြု ထိုးသတ်ခွင့်ရရှိခဲ့ကာ မြန်မာနိုင်ငံအလံကိုလည်း အသုံးပြုခွင့်ရရှိခဲ့ပါတယ်။ (NVS 008)

10 Mar

ADVERTISE HERE .