“ရွှေဓာတ်ခွဲခန်းများကို ရန်ကုန်မြို့အပါအဝင် မြို့ကြီးများမှာ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေ”
10 Mar
မြန်မာ့ရွှေဓာတ်ခွဲစမ်းသပ်နိုင်ရန် နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများကို ရန်ကုန်မြိုအပါအဝင် အခြားမြို့ကြီး များတွင် ဖွင့်လှစ်မှာဖြစ်တယ်လို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ သိရပါတယ်။ အဆိုပါ ဓာတ်ခွဲခန်းတွေကို ရန်ကုန်မြို့အပြင် မြစ်ကြီးနား၊ မန္တလေး၊ မော်လမြိုင်၊ ဘားအံမြိုတွေမှာ ဖွင့်လှစ်မှာ ဖြစ်သလို ဓာတ်ခွဲခန်းများဖွင့်လှစ်နိုင်ရေး နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိရန် ဆောင်ရွက်နေပြီး X-ray စစ်ဆေးတဲ့ စက်များလည်း မှာယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ယင်းဓာတ်ခွဲခန်းများဖွင့်လှစ်ပြီးပါက မြန်မာ့ရွှေကို နိုင်ငံတကာ ဈေးကွက်သို့ လွယ်ကူစွာတင်ပို့ရောင်းချနိုင်မှာ ဖြစ်ပြီး လတ်တလောတွင် ထိုင်း၊ စင်ကာပူ၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယ နှင့် ဥရောပနိုင်ငံများမှ စိတ်ဝင်စားမှု ရှိနေတာကြောင့် ဓာတ်ခွဲခန်းများဖွင့်လှစ်နိုင်ရေး အစုရှယ်ယာရှင်များ ခေါ်ယူသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရန် Exchange နှင့် Logistic ကုမ္ပဏီ ၁၄ ခုခန့်ဖြင့် ချိတ်ဆက်ထားပြီး ဖြစ်ကြောင်းလည်း YGEA မှ သိရပါတယ်။ (NVS 004)