“ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲကျင်းပ”
10 Mar
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းအောင်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို မတ်လ ၈ ရက်နံနက်ပိုင်းက စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်မှာကျင်းပရာ သီတဂူဆရာတော်ကြီးကြွရောက်တော်မူခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြပြီး သီတဂူဆရာတော်ကြီးနှင့် ကြွရောက်တော်မူလာကြတဲ့ ဆရာတော်၊ သံဃာတော်များက စေတီတော်မြတ်ကြီးကို ဗုဒ္ဓါဘိသေကအနေကဇာတင်ကာ ဗုဒ္ဓဘိသိက်သွန်းလောင်းတော်မူ ခဲ့ကြပါတယ်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက သီတဂူဆရာတော်ကြီးထံမှ ငါးပါး သီလခံယူကာ ဆရာတော်၊ သံဃာတော်များက မေတ္တသုတ်ပရိတရားတော်များကို ရွတ်ပွားသရဇ္ဇျယ်တော်မူပြီး တိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ဒါ့အပြင် သီတဂူဆရာတော်ကြီးမှ အနုမောဒနာတရားဟောကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး တိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတီတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညိုခဲ့ကြပါတယ်။ (NVS 004)